ဇင်ဘာဘွေမှာ ဥပေဒမဲ့ ဖမ်းဆီးမှုတွေ ရှိနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇင်ဘာဘွေမှာ ဥပေဒမဲ့ ဖမ်းဆီးမှုတွေ ရှိနေ

ဇင်ဘာဘွေနိုင်ငံမှာ စစ်တပ်နဲ့ရဲက အရပ်သား တွေအပေါ်မှာ အင်အားသုံးဖိနှိပ် ညှင်းဆဲ မှုတွေကြောင့် လူတွေမသေသင့်ဘဲ သေရတာတွေ ရှိနေတယ်လို့ ဇင်ဘာဘွေ လူ့အခွင့်အရေးကော်မရှင်က ပြောလိုက်ပါတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စောင့်ကြည့်သူတွေက လောင်စာဆီစျေးတွေ နှစ်ဆ တင်လိုက်လို့ ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ပြီး ညပိုင်းအချိန်မတော် အိမ်ထဲမှာ ရှိနေသူတွေကို အတင်းအဓမ္မ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။