ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို ကန် အသိအမှတ်ပြု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗင်နီဇွဲလား စင်ပြိုင်သမ္မတကို အမေရိကန် အသိအမှတ်ပြု

အမေရိကန်နဲ့ သံတမန်အဆက်အသွယ် ဖြတ်ဖို့ ဗင်နီဇွဲလားရဲ့ ကြိုးပမ်းမှုကို အမေရိကန်က ပယ်ချလိုက်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကာရာကပ်စ်မှာ ကျင်းပခဲ့တဲ့ ဆန္ဒပြပွဲအပြီးမှာ စင်ပြိုင် အစိုးရ သဘောနဲ့ တိုင်းပြည်ကို ဦးဆောင်သူလို့ ကြေညာခဲ့တဲ့ ဟွမ် ဂွိုင်ဒိုကိုလည်း ကြားဖြတ်သမ္မတ အဖြစ် အသိအမှတ်ပြုပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပေယိုက နစ်ကလပ်စ် မာဒူရိုကို အရင် ဗင်နီဇွဲလား သမ္မတလို့ ဆိုလိုက်ပြီး သူ့မှာ အမေရိကန် သံအမှုထမ်းတွေကို နှင်ထုတ်နိုင်တဲ့ အခွင့်အာဏာမျိုး မရှိတော့ဘူးလို့ ဆိုခဲ့ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။