ဦးကိုနီလုပ်ကြံမှု ၂ နှစ်ပြည့်နဲ့ အမှုအပေါ် မိသားစု အမြင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဦးကိုနီလုပ်ကြံမှု ၂ နှစ်ပြည့်နဲ့ အမှုအပေါ် မိသားစု အမြင်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ ရန်ကုန် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံခံခဲ့ရတာ ဇန်နဝါရီလ ၂၉ ရက်မှာ ၂ နှစ် ပြည့်ပါပြီ။ ဒီအမှုအတွက် သေနတ်သမား ကြည်လင်း အပါအဝင် အပေါင်းအပါ ၄ ဦးကို ဖမ်းဆီး ရုံးတင် စစ်ဆေးနေတာကလည်း ရုံးချိန်း ၁၀၀ ကျော် လာခဲ့ပြီ ဖြစ်သလို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နှစ်ဖက် ရှေ့နေတွေ အပြီးသတ် လျှောက်လဲဖို့ ရှိပါတယ်။

၂ နှစ် ကြာလာခဲ့တဲ့ ဒီအမှု ဖြစ်စဉ် အပေါ် နစ်နာခဲ့ရသူ မိသားစုဘက်က ဘာတွေများ ပြောစရာ ရှိပါမလဲ။ ဦးကိုနီရဲ့ သမီး ဖြစ်သူ ဒေါက်တာယဉ်နွယ်ခိုင်ကို ကိုငြိမ်းချမ်းအေးက မေးမြန်းထားပါတယ်။