ဟွာဝေးကို အမေရိကန် စွဲချက်တင်လိုက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟွာဝေးကို အမေရိကန် စွဲချက်တင်လိုက်

တရုတ် နည်းပညာကုမ္ပဏီကြီး ဟွာဝေး ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ချိုးဖောက်ခဲ့တယ်လို့ ဆိုပြီး အမေရိကန် တရားရေး ဌာနက ဟွာဝေးအပေါ်မှာ စွဲချက်ပေါင်း ၂၀ ကျော်နဲ့ စွဲချက်တင်လိုက်ပါတယ်။

ကုမ္ပဏီ ဘက်ကတော့ ဒီစွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ဘေကျင်းဘက်ကလည်း ဒါဟာ နိုင်ငံရေး လှုံ့ဆော်မှုတွေနဲ့ ဖြစ်လာတဲ့ မတရားမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ကိစ္စတွေကို ဆွေးနွေးဖို့ တရုတ် ကိုယ်စားလှယ်အဖွဲ့ ဟာလည်း ဝါရှင်တန်ကိုရောက်ရှိလာပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။