အမေ့ခံ ပုံရိပ်များ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လျစ်လျူရှုခံ ရေမဆေး ကျောက်ရှာသမားတွေ ရှေ့ကရပ်တည်ပေးနေသူ

ကချင်ပြည်နယ် ဖားကန့် ဒေသဟာ အဖိုးတန် ကျောက်စိမ်းထွက်ရာ နယ်မြေဖြစ်ပေမယ့် ဒေသခံ ပြည်သူတွေရဲ့ ဘ၀ကတော့ လက်နက်ကိုင် ပဋိပက္ခတွေကြား ရုန်းကန် လှုပ်ရှား နေရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်းထွက်ရှိမှုက ရတဲ့ ၀င်ငွေဟာ ၂၀၁၄ တနှစ်တည်းမှာတင် အမေရိကန် ဒေါ်လာ ၃၁ ဘီလီယံ ခန့် ရှိခဲ့ပေမယ့် ဒီငွေတွေဟာ ဒေသခံ လူထု အကျိုး ၊ အများပြည်သူ အကျိုးတွေ အတွက် အပြည့်အဝ သုံးစွဲခဲ့ခြင်း မရှိခဲ့ဘူးလို့ Global Witness က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖားကန့် ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ၊ စစ်တပ်နဲ့ လုံခြုံရေး အဖွဲ့ အမျိုးမျိုး က ကြီးစိုးနေမှုတွေကြောင့် ရေမဆေး ကျောက်ရှာ သမားတွေ နေ့စဉ်နဲ့အမျှ အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံး နေကြ ရပါတယ်။

ဒီလို ပဋိပက္ခတွေ ဖြစ်ပွားရာ နယ်မြေမှာ လျစ်လျုရှုခံ နေကြရတဲ့ အခုလို ရေမဆေး ကျောက်ရှာ သမားတွေနဲ့ အကြမ်းဖက်ခံ အမျိုးသမီးတွေ အရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ကချင် အမျိုးသား လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း က အမျိုးသမီး တာ၀န်ခံလည်းဖြစ် ၊ တရားဟော ဓမ္မဆရာမ တယောက်လည်း ဖြစ်တဲ့ ဒေါ် တိန်ဘား ကိုင်ရာ ရဲ့ အကြောင်းကို တင်ဆက်ပေးထားပါတယ်။