နိုင်ဂျီးရီးယားမှာ ခေတ်စားလာတဲ့ BMX
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နိုင်ဂျီးရီးယားမှာ ခေတ်စားလာတဲ့ BMX

BMX စက်ဘီးစီးတဲ့ အားကစားဟာ စီးသူတွေ အချင်းချင်း ပြိုင်စီးကြ၊ စတန့်ထွင် စီးကြနဲ့ စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။ အမေရိကန်မှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက စခဲ့တဲ့ BMX စီးတဲ့ အားကစားနည်းဟာ အခုတော့ နိုင်ဂျီးရီးယားနိုင်ငံ လေဂို့စ်မြို့က လူငယ်တွေကြားမှာ ရေပန်းစား လာနေပါတယ်။

နိုင်ဂျီးရီးယား BMX စီးသူတွေဟာ နိုင်ငံတကာ အဆင့်မီအောင်ကြိုးစားနေပါတယ်။ ဘီဘီစီ အာဖရိက ဗီဒီယိုသတင်းထောက် Faith Ilevbare လေဂို့စ်မြို့က လမ်းတွေပေါ် သွားရောက် ရိုက်ကူးခဲ့တာကို ရှုစားနိုင်ကြပါပြီ။