ကန်နယ်စပ်ရေးရာ ဘတ်ဂျက်အတွက် မူအားဖြင့် သဘောတူကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် နယ်စပ်ရေးရာ ဘတ်ဂျက်အတွက် မူအားဖြင့် ပါတီနှစ်ခု သဘောတူကြ

အမေရိကန်ပြည်ထောင်စုမှာ နောက်တစ်ကြိမ်အစိုးရ လုပ်ငန်းတွေ ရပ်ဆိုင်းသွားရတဲ့ အဖြစ်ကို ရှောင်နိုင်ဖို့အတွက် နယ်စပ်လုပ်ခြုံရေးဆိုင်ရာဘတ်ဂျက် အတွက် မူအားဖြင့် ဒီမိုကရက်တွေနဲ့ ရီပတ်ပလစ်ကန်တွေအကြား သဘောတူညီချက်ရခဲ့ပြီဖြစ်ပါတယ်။ ဒါနဲ့ပတ်သက် လို့ သမ္မတထရမ့်က သဘောတူမလား ဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမယ့် တနင်္လာနေ့ညက ကျင်းပခဲ့တဲ့ အဲလ်ပါဆိုမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာတော့ သမ္မတထရမ့်က တံတိုင်းကို ဆောက်ဖြစ်အောင် ဆောက်မယ်လို့ ပြောပါတယ်။