ကျိန်စာတိုက်ပြီး လူကုန်ကူးခံရသူများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကျိန်စာတိုက်ပြီး လူကုန်ကူးခံရသူများ

ဥရောပတိုက်မှာ ရွှေ့ပြောင်းနေထိုင်သူတွေ အများအပြား ဝင်လာနေကြချိန်မှာ ပဲ နိုင်ဂျီးရီးယား က အမျိုးသမီးထောင်ပေါင်းများစွာဟာလည်း အီတလီကို လူကုန်ကူးခံရပြီး ပြည့်တန်ဆာလုပ်ငန်းတွေမှာ ခိုင်းစေခံရတာ မျိုးတွေလည်း ရှိနေပါတယ်။ အဲဒီ အမျိုးသမီးတွေ ဥရောပကို မထွက်ခင်မှာ လူကုန်ကူးသူတွေက သူတို့ရဲ့ ရိုးရာ ပညာတွေနဲ့ ကျိန်စာ တိုက်တာမျိုးတွေ လုပ်တာတွေလည်းရှိတာကြောင့်ဒီအမျိုးသမီးတွေမှာ ကျိန်စာကို ကြောက်ရွံ့တဲ့ အစွဲတွေ ပါပါလာနေပါတယ်။

အခုတော့ ဒီအစွဲအလမ်းတွေကို စိတ်ရောဂါကုဆရာဝန်တွေက ကုသပေးနေပါတယ်။ မရီရီအောင်က ပြောပြမှာပါ။