ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု တရားခံတွေကို ကြိုးမိန့်နဲ့သေဒဏ်ချ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု တရားခံ ၂ ဦးကို ကြိုးမိန့်နဲ့ သေဒဏ်ချ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ အဓိက တရားခံ အဖြစ် စွပ်စွဲခံရတဲ့ သေနတ်သမား ကြည်လင်းနဲ့ အမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အောင်ဝင်းဇော် တို့ကို ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ဒီကနေ့မှာပဲ သေဒဏ်ကြိုးမိန့် ချမှတ်လိုက်ပါတယ်။ ဒီအကြောင်းကို တရားရုံးကို ကိုယ်တိုင်ရောက်ရှိခဲ့တဲ့ ကိုငြိမ်းချမ်းအေးက ဆက်ပြောပြပါမယ်။