မြန်မာ့ စပါးအုံး နောက်တယောက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့စပါးအုံး နောက်တစ်ယောက် ယူကေမှာ ထွက်ပေါ်လာ

အတိုက်အခိုက်၊ အသတ်အပုတ်လောကမှာ မြန်မာ့ စပါးအုံး Burmese Python ဆိုပြီး နောက်တစ်ယောက် ပေါ်ထွက်လာခဲ့ပြန်ပါပြီ။ ဒီတစ်ခါ မြန်မာ့ စပါးအုံး ကတော့ အမျိုးသမီးပါ။ သူ့နာမည် က နီကိုလာ ဘာ့ခ် လို့ ခေါ်ပါတယ်။ သူဟာ ယူကေ နိုင်ငံမှာ မွေးဖွား ကြီးပြင်းခဲ့ပေမယ့် ကစ်ဘောက်ဆင် ပြိုင်ပွဲ တွေ အနိုင်ရတိုင်းမှာ မြန်မာ အလံ ကို ခြုံလွှမ်းလို့ အောင်ပွဲ ခံလေ့ ရှိပါတယ်။ သူဟာ WKO British K1 ကမ္ဘာ့ ကစ်ဘောက်ဆင် ချန်ပီယံ ဖြစ်သလို မြန်မာရိုးရာ လက်ဝှေ့ကိုလည်း စိတ်ဝင်စားပြီး မြန်မာ့လက်ဝှေ့ကိုလည်း မြန်မာပြည်မှာ လာကစားဖို့ရှိတယ်လို့ သိရပါတယ်။ သူအကြောင်းကိုတော့ သူ လေ့ကျင့်ရာနေရာ အထိ သွားရောက် တွေ့ဆုံ ခဲ့တဲ့ ကိုကျော်ဇေယျက ပြောပြပေးမှာပါ။