ဆူဒန်မှာ အစိုးရဆန့်ကျင်သူတွေကိုလက်မရွံ့ တပ်တွေသုံးပြီး ဖိနှိပ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆူဒန်မှာ အစိုးရဆန့်ကျင်သူတွေကိုလက်မရွံ့ တပ်တွေသုံးပြီး ဖိနှိပ်

ဆူဒန်နိုင်ငံက ခါတွမ်းမြို့တော်မှာ ဆန္ဒပြမှုတွေကိုနှိမ်နင်းရာမှာ လျှို့ဝှက် လက်မရွံ့တပ်တွေပါ သုံးခဲ့တာကို ဘီဘီစီရဲ့အာဖရိက မျက်လုံး အစီအစဉ်က ဖော်ထုတ်နိုင်ခဲ့ပါတယ်။

၂၀၁၈ ဒီဇင်ဘာ လ အတွင်းက ဆူဒန်မှာ ကုန်စျေးနှုန်းတက်လာတာကြောင့် နှစ် ၃၀ ကြာ အုပ်ချုပ်လာတဲ့ သမ္မတ အိုမာအဲလ်ဘားရှားကိုဆန့်ကျင်ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းဖြစ်ခဲ့တဲ့ရင်ဆိုင်မှုတွေအတွင်းမှာ လူ ၃၀ ထက်မနည်းသေဆုံးခဲ့ရပါတယ်။

ကိုဘိုဘိုကပြောပြမှာပါ။