ဆီးရီးယား ဒုက္ခသည်တို့ အိမ်ပြန်လာ ကြပြီ
ဆီးရီးယား ဒုက္ခသည်တို့ အိမ်ပြန်လာ ကြပြီ
ဆီးရီးယား အတွင်းမှာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေက အစ္စလာမ်မစ်နိုင်ငံ စစ်သွေးကြွတွေကို ဝိုင်းမိထားချိန်မှာပဲ ရုရှားနဲ့အီရန် တို့ရဲ့အထောက်အပံ့ယူထားတဲ့ အစိုးရတပ်တွေကလည်း နိုင်ငံတွင်း နယ်တော်တော်များများကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတလျှောက်မှာတော့ဆီးရီးယား ဒုက္ခသည် ၅ သန်းခွဲလောက် ဟာ သူတို့ အိမ်ပြန်ဖို့သင့်ပြီလားဆိုတာ စဉ်းစားနေကြပါပြီ။
ဂျော်ဒန်ကလည်း ပြီးခဲ့တဲ့အောက်တိုဘာလ နောက်ပိုင်းမှာ သူတို့ရဲ့ နယ်စပ်ကို ပြန်ဖွင့်ပေး ခဲ့တာကြောင့်အခုဆို ဆီးရီးယားနိုင်ငံသား ထောင်ပေါင်းများစွာ အိမ်ပြန်နေကြပြီဖြစ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။