ဟွာဝေးကို ဖျက်ဆီးနိုင်မှာမဟုတ်လို့ ကုမ္ပဏီအကြီးအကဲပြော

ဟွာဝေးကို ဖျက်ဆီးနိုင်မှာမဟုတ်လို့ ကုမ္ပဏီအကြီးအကဲပြော

တရုတ် တယ်လီကွန်း ကုမ္ပဏီကြီးဟွာဝေးကို တည်ထောင်သူက အမေရိကန်ဟာ သူတို့ကုမ္ပဏီကို အနောက်နိုင်ငံတွေရဲ့ 5 ဂျီကွန်ယက်တွေမှာ လုပ်ကိုင်ခွင့်မရအောင် ပိတ်ပင်ဖို့ ကြိုးစား နေတယ်လို့ ဘီဘီစီကိုပြောပါတယ်။ ဒါပေမယ့် ကုမ္ပဏီကိုတော့ ဖျက်စီးပစ်နိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

ဟွာဝေးဟာ နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်သလားဆိုတာကို နိုင်ငံတော်တော်များများက စုံစမ်းစစ်ဆေး နေကြပါတယ်။

ဟွာဝေးရဲ့ ဘဏ္ဍာရေး ဆိုင်အရာ အကြီးအကဲဖြစ်တဲ့ သူ့သမီးမန်ဝမ်းဂျိုးဟာလည်း အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ထိန်းသိမ်းခံနေရပါတယ်။ ဒါတွေဟာ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တာလို့ သူကပြောပါတယ်။

မသီဒါနွယ်က ပြန်ပြောပြမှာပါ။