ခရီးသွားလုပ်ငန်းကြောင့် ထိုင်းကမ်းခြေတွေ ပျက်စီး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ခရီးသွားလုပ်ငန်းကြောင့် ထိုင်းကမ်းခြေတွေ ပျက်စီး

ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းဟာ အင်မတန်အောင်မြင်တယ်လို့ဆိုရမှာပါ။ နိုင်ငံမှာ ပဉ္စမအကြီးဆုံး စီးပွားရေး လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်းမှာ တင် ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်တဲ့ ကမ္ဘာ့လှည့် ခရီးသွား ဦးရေဟာ ၃ ဆ တိုးပြီး တနှစ်ကို လူသန်း ၃ဝ လောက် လာရောက်လည်ပတ်ကြပါတယ်။

ဒါပေမယ့် တဘက်မှာတော့ ထိုင်းရဲ့ ကမ်းခြေတွေမှာ အဆောက်အအုံတွေ လိုတာထက်ပိုတည်ဆောက်တာတွေနဲ့ကမ်းခြေတွေ ပျက်စီးမှုတွေ ဖြစ်လာခဲ့ပါတယ်။

နာမည်ကျော် The Beach ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ မာယာ ပင်လယ်အော်မှာဆို သန္တာကောင်တွေ အကုန်လောက်နီးနီး သေဆုံးခဲ့ရတာကြောင့် အာဏာပိုင်တွေက အကန့်အသတ် မရှိ ပိတ်လိုက်ပြီဖြစ်ပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။