Sepsis  ရောဂါ ဖြစ်နေတာကို သိမယ့် နည်းလမ်းတွေ့
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

Sepsis ရောဂါ ဖြစ်နေတာကို သိမယ့် နည်းလမ်းတွေ့

ကမ္ဘာကြီးမှာ တနှစ်ကို Sepsis ဝေဒနာကြောင့် လူသန်းချီသေဆုံးနေရပါတယ်။ Sepsis ဆိုတာ ပိုး၀င်ရာကဖြစ်တဲ့ သွေးဆိပ်တက်ရောဂါ Septicaemia ဆက်တစ်စီးမီယားရဲ့ ဆိုးရွားတဲ့ နောက်ဆက်တွဲ ဝေဒနာဖြစ်ပြီး သွေးထဲမှာ ပြန့်ပွားပြန့်နှံနေတဲ့ ရောဂါပိုးကိုတားဆီးဖို့ ကြိုးစားတဲ့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန့်မှုဖြစ်ပါတယ်။

ဒီတုံ့ပြန်မှုကြောင့် ကိုယ်ကိုယ်တိုင်ရဲ့ ကျောက်ကပ် အသည်းစတဲ့ အင်္ဂါတွေပါ ထိခိုက်ပျက်စီးစေပြီး အသက်ကိုပါ ဆုံးရှုံးနိုင်ပါတယ်။

အခုတော့ Sepsis ဖြစ်နေတာကို မြန်မြန်သိရှိနိုင်မယ့် နည်းလမ်းသစ်တခုကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။

ဒီနည်းနဲ့ တနှစ်ကိုထောင်ချီတဲ့ လူ့အသက်တွေ ကယ်တင်နိုင်မယ့် အလားအလာရှိနေပါတယ်။ ဦးဘမော်က ပြောပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ