အိန္ဒိယက ကက်သလိတ် အသင်းတော် လိင်စော်ကားမှုတွေနဲ့ စွပ်စွဲ ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယက ကက်သလစ် အသင်းတော် လိင်စော်ကားမှုတွေနဲ့ စွပ်စွဲ ခံရ

အိန္ဒိယ နိုင်ငံအတွင်းက ကက်သလစ် အသင်းတော်က သီလရှင်တဦးက သူ့ကို ဂိုဏ်းအုပ်ဘုန်းတော်ကြီး တဦးက အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီ ဘုန်းတော်ကြီးကိုလည်း ဖမ်းဆီးခဲ့ပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဘုန်းတော်ကြီးကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

တဘက်မှာလည်း ဗာတီကန်ဘက်က ဒီလိင်စော်ကားမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေသလို ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စကလည်း ဒါတွေကို အသင်းတော်အနေနဲ့ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို အခုသီတင်းပတ်ထဲမှာဆွေးနွေးဖို့ ရှိနေပါတယ်။ အိန္ဒိယ တောင်ပိုင်း ကာရယ်လာကနေ ဘီဘီစီသတင်းထောက် ယိုဂီတာ လီမာယဲ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။