လိင်စော်ကားမှုတွေကို မြန်မြန် ကိုင်တွယ်ခဲ့သင့်ကြောင်း မွန်ဘိုင်းက ကာဒီနယ် ပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လိင်စော်ကားမှုတွေကို မြန်မြန် ကိုင်တွယ်ခဲ့သင့်ကြောင်း မွမ်ဘိုင်းက ကာဒီနယ် ပြော

ကက်သလစ်အသင်းတော် အတွင်းမှာ ကလေးသူငယ်တွေ အပေါ်မတော်မတရား ပြုမူမှုတွေရှိခဲ့တာနဲ့ ပတ်သက်လို့ ကိုင်တွယ် ဖြေရှင်းဖို့ အတွက် ဗာတီကန်မှာ ညီလာခံကျင်းပဖို့ စီစဉ်ခဲ့သူ လေးဦး ထဲက တဦးက ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေကို သူ့အနေနဲ့ပိုပြီး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကိုင်တွယ် ခဲ့သင့်တယ်လို့ ပြောလိုက်ပါတယ်။

မွမ်ဘိုင်းမြို့က အိန္ဒိယက ကက်သလစ်အသင်းတော်ရဲ့ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဖြစ်တဲ့ ရဟန်းအမတ် ကာဒီနယ် အော့စ်ဝေါလ် ဂရားစီးယပ်စ်က သူဟာ ဒီ လိင်ပိုင်း စော်ကားမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေကို ထိရောက်စွာ မကိုင်တွယ်နိုင် ခဲ့ကြောင်းနဲ့ ကလေး တယောက် စော်ကား ခံရတဲ့ ကိစ္စမှာဆို ရဲကို တိုင်ကြားတာတောင် မလုပ်ခဲ့မိကြောင်း ပြောခဲ့ပါတယ်။

ဘီဘီစီသတင်းထောက် ယိုဂီတာ လီမာယဲပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။