ရင်ကို ထိရှစေတဲ့ သတင်းဓာတ်ပုံတချို့

ဖေဖော်ဝါရီ ၁၆ ရက်ကနေ ၂၂ရက် အတွင်း ကမ္ဘာတဝန်းမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေထဲက ရင်ကို ထိရှစေတဲ့ သတင်းဓာတ်ပုံတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က သမိုင်းဝင် ချော့ခ်ဘဇားရပ်ကွက်မှာ မီးလောင်ကျွမ်းမှုကို ဒေသခံများ ကူညီငြိမ်းသတ်နေပါတယ်။ ဒီမီးလာင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-MOHAMMAD PONIR HOSSAIN/ REUTERS

ဓာတ်ပုံ ပုံစာ,

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့က သမိုင်းဝင် ချော့ခ်ဘဇားရပ်ကွက်မှာ မီးလောင်ကျွမ်းမှုကို ဒေသခံများ ကူညီငြိမ်းသတ်နေပါတယ်။ ဒီမီးလာင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-DAVIDGAIZ/DAVIDGAIZ.COM/VIA REUTERS

ဓာတ်ပုံ ပုံစာ,

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ယိုဆန်မစ်တီ အမျိုးသား ဥယျာဉ်က ရေတံခွန်ဟာ နေရောင်ထိတွေ့လို့ အမြင့်ကနေ မီးတောက် မီးလျှံတွေ စီးဆင်းနေတဲ့ ပုံစံမျိုး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ရှားပါးဖြစ်စဉ်တခုလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီလရောက်ရင် ဒီလို ဖြစ်ရပ်မျိုး ဖြစ်တတ်ပေမယ့် မိုးတိမ်တွေရဲ့ အခြေအနေနဲ့ ရေပမာဏပေါ် မူတည်တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-HANNAH MCKAY/ REUTERS

ဓာတ်ပုံ ပုံစာ,

ဒီနှစ် ဗြိတိန်ကပေးတဲ့ ဂီတ ထူးချွန်ဆုကို အမေရိကန် အဆိုတော် ပင့်ခ်က ရရှိခဲ့ပါတယ်။ ဒီပွဲမှာ သူရဲ့ သီချင်းသစ် Walk Me Homeနဲ့ ပင့်ခ်က ဖျော်ဖြေသီဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ-MUHAMMAD HAMED/ REUTERS

ဓာတ်ပုံ ပုံစာ,

ဂျော်ဒန်နိုင်ငံ မြို့တော် အာမန်ရဲ့ တောင်ဘက်မှာ ရှိတဲ့ အက်ကာဘာမြို့မှာ အလုပ်အကိုင် ရရှိဖို့ လူတွေ စီတန်း ဆန္ဒပြနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- YUI MOK/PA WIRE

ဓာတ်ပုံ ပုံစာ,

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ ဂရင်းနစ်ချ်မှာ ကောင်ကင်ကြိုးကနေတဆင့် ပြေးဆွဲနေတဲ့ ကေဘယ်လ် ကားတွေကို စူပါ လပြည့်ဝန်းနဲ့ အတူတွေ့မြင်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- LILLIAN SUWANRUMPHA / AFP

ဓာတ်ပုံ ပုံစာ,

ထိုင်းနိုင်ငံ ဘန်ကောက်အနီးက ဖရာ့ ဓမ္မကာယ ဘုန်းကြီးကျောင်းမှာ တပိုတွဲလပြည့်နေ့ည လထွက်စအချိန်မှာ ဆီးမီး ထွန်းညှိပူဇော်ဖို့ ဖယောင်းတိုင်ကိုင်ဆောင်ထားတဲ့ သံဃာ ၂ ပါးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ- REUTERS

ဓာတ်ပုံ ပုံစာ,

တရုတ်နိုင်ငံ ဂွမ်ဒေါင်း ခရိုင်မှာ ရိုးရာပွဲတော်တခုမှာ ဒေသခံတွေ မီးနဂါးအကနဲ့ ဖျော်ဖြေနေတာ ဖြစ်ပါတယ်။