အီရန် နိုင်ငံခြားရေး ဝန်ကြီး နှုတ်ထွက်တော့မယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရန် နိုင်ငံခြားရေး ဝန်ကြီး နုတ်ထွက်တော့မယ်

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က အီရန်ရဲ့နိုင်ငံခြားရေး မူဝါဒ ဟာ အတွင်းမှာ အချင်းချင်း တိုက်ခိုက်နေကြတာကြောင့် အဆိပ်သင့်နေပြီဖြစ်လို့ သူလည်း တာဝန်က နားတော့မယ်လို့ ပြောပါတယ်။ သူ့ရဲ့ အင်စတာ ဂရမ်မှာ တင်ထားတဲ့ ပို့စ်ထဲမှာ သူ တာဝန်ယူစဉ် ၅ နှစ်အတွင်း ထင်သလောက် မအောင်မြင်ခဲ့တာတွေအတွက် တောင်းပန်ထားပါတယ်။

အီရန်က ပြုပြင်ရေး လိုလားတဲ့ အမတ်တွေကတော့ သူ့နုတ်ထွက်စာကို လက်မခံကြဖို့ သမ္မတ ဟာဆန် ရူဟာနီကိုတိုက်တွန်းနေကြပါတယ်။

ဦးဘမော်က ပြောပြမှာပါ။