အိုင်အက်စ်ရဲ့ နောက်ဆုံး အချိန်ရောက်လာပြီလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုင်အက်စ်ရဲ့ နောက်ဆုံး အချိန်ရောက်လာပြီလား

တချိန်က ဆီးရီးယား နဲ့အီရတ်မှာ နယ်မြေအများကြီးကို ထိန်းချုပ်ထားခဲ့ကြတဲ့ အစ္စလာမ္မစ်နိုင်ငံ စစ်သွေးကြွအဖွဲ့ဟာ သီတင်းတပတ် အတွင်းမှာ သူ့တို့ရဲ့ နောက်ဆုံးအရှုံးနဲ့ ရင်ဆိုင်ကြရတော့မယ်လို့ အမေရိကန် ထောက်ပံ့ထားတဲ့ ကာ့ဒ်တိုက်ခိုက်ရေး တပ်ဖွဲ့တွေက ပြောလိုက်ပါတယ်။

သူတို့တပ်ဖွဲ့တွေဟာ အဲဒီဆီးရီးယား အရှေ့ပိုင်းက ဘာဂူးစ်မှာ ဝိုင်းမိထားကြပြီဖြစ်တဲ့ အိုင်အက်စ် တွေကို နောက်ဆုံးထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ဒီအကြောင်း ကိုသက်ထွေးနိုင်က ပြောပြပေးမှာပါ။