အသက်ရှင်ကျန်ရစ်သူမရှိတဲ့ လေယာဉ်ပျက်ကျမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီသီယိုပီးယားလေယာဉ်ပျက်ကျမှုအကြောင်း သိရှိနိုင်ဖို့ black box တွေ့ထားပြီ

အီသီယိုပီးယားနိုင်ငံမှာ မတ်လ ၁ဝ ရက်၊ တနင်္ဂနွေနေ့က ဘိုးရင်း ၇၃၇ လေယာဉ်ပျက်ကျခဲ့မှုကြောင့် လေယာဉ်ပေါ် ပါသွားသူ ၁၅၇ ယောက်လုံး သေဆုံးခဲ့ပြီးတဲ့ နောက်ပိုင်း လေယာဉ်ထုတ်လုပ်တဲ့ အမေရိကန် ဘိုးရင်း ကုမ္ပဏီလည်း မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။

ခရီးသည်တင် ဘိုးရင်း ၇၃၇ မက်စ် ၈ လေယာဉ်အမျိုးအစား ပျက်ကျတာ ဒါဟာ ၅ လအတွင်း ဒုတိယအကြိမ် ဖြစ်ပါတယ်။

အခုအချိန်ထိ လေယာဉ်ပျက်ကျတဲ့ အကြောင်းရင်း တိတိကျကျ မသိရသေးပေမယ့် လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာတွေကို ရှာတွေ့ထားပြီ လို့တော့ ဆိုပါတယ်။

အပြည့်အစုံကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။