ဘရိတ်စစ် သဘောတူညီချက်သစ်ကို မဲခွဲမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန် အီးယူက ထွက်မယ့် ဘရက်ဇစ် သဘောတူညီချက်သစ်ကို ပါလီမန်မှာ မဲခွဲမယ်

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာမေရဲ့ အီးယူနဲ့ ရလာခဲ့တဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ဒီကနေ့ ပါလီမန်မှာ မဲခွဲဆုံးဖြတ်ကြဖို့ ရှိပါတယ်။ Strasbourg မှာ နောက်ဆုံးအကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ထရီဆာမေက မြောက်အိုင်ယာလန်နဲ့ အိုင်ယာလန်နိုင်ငံကြား နယ်စပ်တွေကို စစ်ဆေးရေးဂိတ်တွေနဲ့ တင်းတင်းကြပ်ကြပ်ထိန်းချုပ်မှုတွေ မလုပ်ဘဲ ယာယီဆက် ဖွင့်ထားပေးနိုင်မယ့် အာမခံချက် တစ်ရပ်ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူရဲ့ သဘောတူညီချက်ကို အတည်ပြုနိုင်အောင် ပါလီမန်အမတ်တွေက လုံလုံလောက်လောက် ထောက်ခံကြပါ့မလား။ ဦးဘမော်က ပြောပြမှာပါ။