ဘရက်ဇစ်မှာ သဘောတူညီမှု မပါဘဲ ထွက်မလား မဲခွဲမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘရက်ဇစ်မှာ သဘောတူညီမှု မပါဘဲ ထွက်မလား မဲခွဲမယ်

ဗြိတိန် အီးယူကနေ ထွက်တဲ့အခါမှာ သဘောတူညီချက် တခုနဲ့ ထွက်မလား မထွက်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့ ဗြိတိသျှ ပါလီမန်အမတ်တွေ ဒီနေ့မဲခွဲကြဖို့ရှိပါတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ရဲ့ နောက်ထပ် သဘောတူညီချက်သစ်ကို အမတ်တွေက လက်မခံဘဲ မဲခွဲပယ်ချခဲ့အပြီး မှာ အခုလို သဘောတူညီချက် မပါဘဲ ထွက်မလားဆိုတာကို ထပ်မဲခွဲကြဖို့ ဖြစ်လာတာပါ။

ဗြိတိသျှ ၀န်ကြီးချုပ် ထရီဆာ မေအနေနဲ့ ဒီလို သဘောတူညီချက်တခုနဲ့ ထွက်နိုင်ရေးအတွက် ၂ နှစ်ကျော် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ယူခဲ့ရတာဖြစ်ပေမယ့် သူ့အဆိုတွေဟာ ပယ်ချ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးဘမော်က ပြောပြမှာပါ။