ဘိုးရင်း က 737 Max လေယာဉ်တွေ ပျံသန်းမှု ခေတ္တ ရပ်ဆိုင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘိုးရင်း က 737 Max လေယာဉ်တွေ ပျံသန်းမှု ခေတ္တ ရပ်ဆိုင်း

ဘိုးရင်း ကုမ္ပဏီက သူတို့ရဲ့ 737 Max လေယာဉ်တွေကို ပျံသန်းမှု တွေခေတ္တ ရပ်ဆိုင်းထားဖို့ အမေရိကန်လေကြောင်း အာဏာပိုင်တွေရဲ့ဆုံးဖြတ်ချက်ကို သဘောတူကြောင်း ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဒီလေယာဉ်ပျက်ကျမှုတွေနဲ့ ပတ်သက်လို့ အဖြေရှာစရာတွေ ရှိနေပြီလို့ ပြောခဲ့ပြီးနောက်မှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

အီသီယိုးပီးယား လေကြောင်းက အဲဒီ ဘိုးရင်း 737 Max လေယာဉ်ဟာ ပျံတက်ပြီး မိနစ်ပိုင်းအကြာမှာ ပျက်ကျခဲ့လို့ ခရီးသည် နဲ့လေယာဉ်အမှုထမ်း၁၅၇ ဦးစလုံး သေဆုံးခဲ့ရပါတယ်။ အခုတော့ အဲဒီ လေယာဉ်ရဲ့ပျံသန်းမှု မှတ်တမ်းတွေကို ပါရီမြို့တော်မှာ ဆန်းစစ်လေ့လာနေကြပြီဖြစ်ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။