နယူးဇီလန် ဝန်ကြီးချုပ်နဲ့ ဘီဘီစီ တွေ့ဆုံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

နယူးဇီလန် ဝန်ကြီးချုပ်နဲ့ ဘီဘီစီ တွေ့ဆုံ

ပြီးခဲ့တဲ့တပတ် သောကြာနေ့က နယူးဇီလန်က ခရိုက်စ်ချာ့ချ်မြို့မှာ ဗလီတွေမှာ သေနတ်သမား က ဝင်ရောက် ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရတဲ့လူ ၅၀ ထဲက တချို့ကို စတင် သင်္ဂြိုဟ်နေကြပြီ ဖြစ်ပါတယ်။

ဆီးရီးယားက လာခဲ့ကြတဲ့ ခါလက် နဲ့ ဟမ်ဇာ မူစတာဖာ တို့သားအဖ ကို မြို့တွင်းက အောက်မေ့ဖွယ် ပန်းခြံသင်္ချိုင်းမှာ မြှုပ်နှံခဲ့ကြပါတယ်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျစင်ဒါ အာဒါန်းကလည်း ဘီဘီစီနဲ့တွေ့ဆုံခဲ့ရာမှာ သူ့အနေနဲ့ ဒီသေနတ်သမားရဲ့နာမည်ကို နှုတ်က ထုတ်တောင်မပြောချင်ဘူးဆိုတာဘာကြောင့်လဲ ဆိုတာကို ပြောပြခဲ့သလို ဒီလို အသားအရောင်ခွဲခြားလက်ယာစွန်းရောက်တဲ့ အယူအဆတွေကို တိုက်ဖျက်ဖို့ တကမ္ဘာလုံးက ကြိုးစားကြဖို့ လိုနေပြီလို့ပြောပါတယ်။