ထိုင်းရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိလို့ ဝန်ကြီးချုပ်ဟောင်း စွပ်စွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ထိုင်းရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိလို့ ဝန်ကြီးချုပ်ဟောင်း စွပ်စွဲ

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ အများအပြား ရှိနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သတ်ဆင် ရှင်နာဝပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းခံခဲ့ရပြီး နောက် ပြည်ပမှာပဲ နေထိုင် နေတဲ့ မစ္စတာ သတ်ဆင်က ဒီလို မဲမသမာမှုတွေကြောင့် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်တယ်လို့လည်း သက်ဆင်က ဘီဘီစီထိုင်းဌာနနဲ့ သီးသန့်အင်တာဗျူးတခုမှာ ပြောဆိုလိုက်တာပါ။

ထိုင်းနိုင်ငံမှာ ၂၀၁၄ အတွင်းမှာ မစ္စတာ သတ်ဆင်ရဲ့ ညီမ ယင်လတ် ရှင်နာဝပ်ရဲ့ အစိုးရကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်ခေါင်းဆောင် တွေရဲ့ ဖလမ်း ဖရာချာရတ် ပါတီက မဲအသာ ရရှိနေတယ်လို့ဆိုပါတယ်။

မစန္ဒာ၀င်းက ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ