အိုင်အက်စ် မိသားစုတွေကို ဘယ်လို ကိုင်တွယ်မလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိုင်အက်စ် မိသားစုတွေကို ဘယ်လို ကိုင်တွယ်မလဲ

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကာ့ဒ်တပ်ဖွဲ့တွေဟာ ဆီးရီးယားက အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ နောက်ဆုံး နယ်မြေကိုသိမ်းပိုက်ခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း ၂၀၁၄ မှာ စပြီး ပေါ်လာခဲ့တဲ့ သူတို့ဘာသာ ကြေညာထားတဲ့ကာလီဖိတ် လည်း မြေပုံပေါ်က ပျောက်ကွယ်သွားခဲ့ပါတယ်။

တဘက်မှာတော့ အောင်ပွဲနဲ့အတူပါလာတဲ့ ဖမ်းမိထားတဲ့ အိုင်အက်စ်အဖွဲ့ဝင် ထောင်ပေါင်းများစွာအတွက် ခေါင်းခဲနေရတယ်လို့ ကာ့ဒ်အာဏာပိုင်တွေက ပြောလိုက်ပြီးနိုင်ငံတကာ တရားရုံးတခုကနေ သူတို့တွေကို ရုံးတင်စစ်ဆေးမှုတွေလုပ်သွားကြဖို့ပါ တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယား မြောက်ပိုင်းက အဲဒီ လူတွေကို ထိန်းသိမ်းထားတဲ့ စခန်းတခုကိုဘီဘီစီက ဝင်ရောက်ခွင့်ရခဲ့ပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။