737 Max ဟာ ပျံသန်းဖို့ အတွက် စိတ်ချရတယ်လို့ ဘိုးရင်းပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

737 Max ဟာ ပျံသန်းဖို့ အတွက် စိတ်ချရတယ်လို့ ဘိုးရင်းပြော

အမေရိကန်ပြည်ထောင်စုက လေယာဉ်ထုတ်လုပ်တဲ့ဘိုးရင်းကုမ္ပဏီက ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ၂ ကြိမ်ပျက်ကျခဲ့တဲ့ ဘိုးရင်း 737 Max ဟာ ပျံသန်းဖို့ အတွက် စိတ်ချရတယ်လို့ ပြောပါတယ်။

ဒီလေယာဉ်အမျိုးအစားတွေကို ကမ္ဘာတဝန်းမှာ ပျံသန်းမှုတွေ ရပ်ဆိုင်းထားကြပါတယ်။ ပထမပျက်ကျမှုဖြစ်တဲ့ လိုင်းယွန်းအဲက လေယာဉ် အင်ဒိုနီးရှားပင်လယ်ထဲကို ထိုးကျသွားခဲ့တာရဲ့ အကြောင်းရင်း တခုဖြစ်နိုင်တဲ့ လေယာဉ်ရဲ့ anti-stall system ကိုလည်း မွမ်းမံမှုတွေ လုပ်နေတယ်လို့ ဘိုးရင်းက ပြောပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။