သူ့ရဲ့ ဘရက်ဇစ် အစီအမံတွေ လက်ခံရင် ထွက်ပေးမယ်လို့ မစ္စစ် မေပြော
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သူ့ရဲ့ ဘရက်ဇစ် အစီအမံတွေ လက်ခံရင် ထွက်ပေးမယ်လို့ မစ္စစ် မေပြော

ဗြိတိန်အီးယူက ထွက်မယ့် ကိစ္စမှာ ဝန်ကြီးချုပ် ထရီဆာမေရဲ့ အစီအမံအတိုင်း မဟုတ်တဲ့ တခြားနည်းလမ်းနဲ့ ထွက်ဖို့ ကိစ္စအတွက် ပါလီမန်အမတ်တွေအကြား အကြိုက်မတူ ဖြစ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့ညက တခြားနည်းလမ်း ၈ ခုအတွက် ဘယ်နည်းကို ပိုကြိုက်ကြသလဲ သိရဖို့ မဲခွဲ ခဲ့ကြပေမယ့် တခုကိုမှမရွေးချယ်ခဲ့ကြပါဘူး။

ကြာသပတေးနေ့ အစောပိုင်းကတော့ မစ္စစ်မေက သူ့ရဲ့ ဘရက်ဇစ်သဘောတူညီချက်ကို

လက်ခံပေးကြမယ်ဆိုရင် အဲဒီနောက်မှာ သူလည်းရာထူးကနေ နှုတ်ထွက်မယ်လို့ သူ့ ပါတီဝင်တွေကို ပြောခဲ့ပါတယ်။ ဦးဘမော်က ပြောပြမှာပါ။