သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည် - ဘီဘီစီနဲ့မေးမြန်းခန်း အပိုင်း ၁

သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည် - ဘီဘီစီနဲ့မေးမြန်းခန်း အပိုင်း ၁

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးရွှေမန်း ဦးဆောင်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP) တည်ထောင်ဖို့ မကြာခင်က ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားခဲ့ပါတယ်။

အခုထောင်မယ့် ပါတီသစ်အကြောင်း၊ ပြည်ခိုင်ဖြိုးပါတီက သူ ဘယ်လို ထွက်ခဲ့ရလဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ရဲ့ ဆက်ဆံရေး .. စတာတွေကိုဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေးမြန်းခန်း အပိုင်း ၂ မှာတော့ တပ်မတော်အပေါ် သဘောထား၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍ တွေအကြောင်း ဆက်လက် ရှုစားရမှာ ဖြစ်ပါတယ်။

ရိုက်ကူး - ကိုစံကျော်ထွန်း