စိတ်ဓာတ်ကျတာကို အံတုပြီး ကြိုးဝိုင်းဘုရင်မဖြစ်လာတဲ့ တရုတ် လက်ဝှေ့မယ်

ထိုင်ဝမ်မှာ လုပ်မယ့် ၂၀၁၈ ချန်ပီယံပြိုင်ပွဲ မသွားခင် နောက်ဆုံးလေ့ကျင့်နေတဲ့ဟွမ် ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်ဝမ်မှာ လုပ်မယ့် ၂၀၁၈ ချန်ပီယံပြိုင်ပွဲ မသွားခင် နောက်ဆုံးလေ့ကျင့်နေတဲ့ဟွမ်

ဟွမ်၀မ်စီဟာ တရုတ်မှာ တဖြည်းဖြည်း အရေအတွက်တိုးလာပေမဲ့ လူနည်းနေသေးတဲ့ လက်ဝှေ့မယ်တွေထဲက တစ်ယောက်ပါ။ ဒီလို ကစားနည်းတွေနဲ့ မိန်းကလေးတွေ မသက်ဆိုင်ဘူးဆိုတဲ့ ရိုးရာ အစဉ်အလာ ကန့်သတ်ချက်တွေကို အံတုနေသူလည်း ဖြစ်ပါတယ်။

" မိန်းမဆိုတာ ဇနီးမယား ဒါမှမဟုတ် အိမ်မှာပဲ အမေတစ်ယောက် အနေနဲ့ နေဖို့သက်သက် မဟုတ်ပါဘူး" လို့ အသက် ၂၉ နှစ်အရွယ် ဟွမ်က ပြောပါတယ်။

တရုတ်တောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ်က မြို့သေးသေးလေး တစ်မြို့မှာ သူ့ကို မွေးခဲ့တယ်။ ၂၀၀၂ ခုနှစ်မှာ ဟွမ် စပြီး လက်ဝှေ့ထိုးခဲ့ပါတယ်။ နောက်သုံးနှစ်အကြာမှာ ဒေသခံလက်ဝှေ့ကလပ်ကို ဝင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ဒဏ်ရာရလို့ သူနားလိုက်ရတယ်။

သူ့ခင်ပွန်းလောင်းနဲ့ သူ ၂၀၁၅ ခုနှစ်မှာ တွေ့ခဲ့ပြီး နောက်တစ်နှစ်မှာ သားလေးမွေးခဲ့တယ်။

သူ့သားကို မွေးပြီး ဆိုးဆိုးရွားရွား စိတ်ဓာတ်ကျတဲ့ ကာလတစ်ခုကို သူဖြတ်သန်းခဲ့ရတယ်။ နောက်တော့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားအဖြစ် ပြန်ကစားဖို့နဲ့ ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုတွေကို လုပ်ဖို့ သူစိတ်ဆုံးဖြတ်လိုက်တယ်။

၂၀၁၈ခုနှစ်အရောက်မှာတော့ သူကြိုးစားခဲ့တာတွေရဲ့ ရလဒ်အဖြစ် အာရှအမျိုးသမီး ဆူပါဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ ရွှေခါးပတ်ဆုရပြီး အောင်ပွဲခံနိုင်ခဲ့တယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၈ ချန်ပီယံဖြစ်ဖို့ ဒေသခံ အားကစားရုံမှာ ဟွမ် လေ့ကျင့်နေတုန်း သားလေးကို သူ့ယောက်ျားက ထိန်းပေးတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption လက်ဝှေ့ထိုးတာအပြင် ဆရာမတစ်ယောက်လည်းဖြစ်တဲ့ ဟွမ်
ဓာတ်ပုံ မူပိုင် Reuters
Image caption ပွဲရက်နီးလာတော့ ကျီးကျန့် ပြည်နယ် နင်းဘိုမှာ ဆက်လေ့ကျင့်ခဲ့တယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်ဝမ်မှာ လုပ်မယ့် ၂၀၁၈ ချန်ပီယံပြိုင်ပွဲ မသွားခင် နောက်ဆုံးလေ့ကျင့်နေတဲ့ဟွမ်
ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်ဝမ်ကို ရောက်တော့ သူဝင်ပြိုင်မယ့် ဝိတ်တန်းထဲ ရှိမရှိ ပေါင်ချိန်နေတဲ့ ဟွမ်။ ပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ ၁၁၅ ပေါင်ထက် သူက သုံးပေါင်ပိုများပြီး ၁၁၈ ပေါင်ရှိခဲ့တယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိုနေတဲ့ ကိုယ်အလေးချိန် သုံးပေါင်ကို ဟွမ် အမြန် ဝိတ်ချနေတယ်။ ပွဲစီစဉ်သူတွေက သူ့ကို အချိန် နှစ်နာရီပေးပြီး ဝိတ်ချဖို့ အခွင့်အရေး ပေးခဲ့တယ်။ ဝိတ်မကျခဲ့ရင်တော့ သူဝင်ပြိုင်လို့ ရမှာ မဟုတ်ဘူး။
ဓာတ်ပုံ မူပိုင် Reuters
Image caption ပွဲနေ့မှာ သူ့လက်ထောက် နည်းပြက သူကို့ ခွန်အားဖြစ်စေမယ့် စကားတွေ ပြောခဲ့တယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ရွှေခါးပတ်ရဖို့ ထိုင်းလက်ဝှေ့မယ်နဲ့ ဟွမ် ယှဉ်ပြိုင်ခဲ့ရတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ခုနစ်ချီထိ ထိုးခဲ့ရတဲ့ ရွှေခါးပတ်လုပွဲ
ဓာတ်ပုံ မူပိုင် Reuters
Image caption ခုနစ်ချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့လို့ အောင်ပွဲခံနေတဲ့ ဟွမ်
ဓာတ်ပုံ မူပိုင် Reuters
Image caption "ကျွန်မကို ကြိုးဝိုင်းဘုရင်လို့ မခေါ်ပါနဲ့။ ကျွန်မက ကြိုးဝိုင်းဘုရင်မပါ" လို့ အနိုင်ရလို့ ဝမ်းသာလွန်းတဲ့ ခံစားချက်တွေနဲ့ ပြောလိုက်တဲ့ ဟွမ်