နော်ထရာဒမ်းကို ၅ နှစ် အတွင်း အပြီး ပြန်တည်ဆောက်မယ်

နော်ထရာဒမ်းကို ၅ နှစ် အတွင်း အပြီး ပြန်တည်ဆောက်မယ်

ပြင်သစ် နိုင်ငံ ပါရီ မြို့တော်က မီးလောင်ပျက်စီး ခဲ့ရတဲ့ နော်ထရာဒမ်း ဘုရားရှိခိုးကျောင်းကြီး ကို ပြန်လည် တည်ဆောက်ဖို့ အတွက် ပြင်သစ် အစိုးရ အဖွဲ့ဝင်တွေ ဆွေးနွေး နေကြပါတယ်။

သမ္မတ မက်ခရွန်းကတော့ လာမယ့် ၂၀၂၄ ပါရီ အိုလံပစ် ပွဲတော်အမီ ၅ နှစ်အတွင်း အပြီး တည်ဆောက်မယ်လို့ ပြောပါတယ်။

ဒီနေ့ ညနေဘက်မှာလည်း မီးစ လောင်ကျွမ်း ခဲ့တဲ့ ညနေ ၇ နာရီထိုးဖို့ ၁၀ မိနစ်မှာ ပြင်သစ် တပြည်လုံးက ဘုရားကျောင်းတွေက ခေါင်းလောင်းတွေကို ထိုးကြမှာ ဖြစ်ပါတယ်။ နော်ထရာဒမ်း ပြန်လည်တည်ဆောက်ရေး အတွက် အလှူငွေ ယူရို သန်း ၈၀၀ ကျော်ကို ရရှိထားပြီး ဖြစ်ပါတယ်။

ကိုထက်အောင်က ပြောပြမှာပါ။