သီရိလင်္ကာနိုင်ငံမှာ ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၃၀၀ နီးပါးရှိ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် သီရိလင်္ကာမှာ အရေးပေါ်အခြေအနေ သတ်မှတ်ထား

သီရိလင်္ကာနိုင်ငံမှာ အီစတာ တနင်္ဂနွေနေ့က ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၂၉ဝ ထက် မနည်းရှိပြီး ၅ဝဝ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

မြို့တော် ကိုလံဘိုမှာ ညမထွက်ရအမိန့် ကြေညာထားသလို တနင်္လာနေ့ ညသန်းခေါင်ယံချိန်ကစလို့ နိုင်ငံအရေးပေါ်အခြေအနေလည်း သတ်မှတ်ထားပါတယ်။

ဒါဟာ ဒေသတွင်း အစ္စလမ်မစ် အကြမ်းဖက်အဖွဲ့လုပ်ရပ်လို့ အစိုးရက အပြစ်ဖို့ထားပါတယ်။

မရီရီအောင်က ပြောပြပေးမှာပါ။