သီရိလင်္ကာမှာ ဗုံးခွဲသူလို့ သံသယရှိသူ တစ်ဦးရဲ့ပုံ
သီရိလင်္ကာမှာ ဗုံးခွဲသူလို့ သံသယရှိသူ တစ်ဦးရဲ့ပုံ
သီရိလင်္ကာနိုင်ငံ နီဂွမ်ဘိုမြို့ စိန့်ဆဘက်စ်တီယန် ဘုရားကျောင်းမှာ ဗုံးခွဲခဲ့သူလို့ ယူဆရသူတစ်ဦးရဲ့ ပုံတွေ ထွက်ပေါ်လာပါတယ်။ အဲဒီလူဟာ ကျောပိုးအိတ်တစ်လုံး လွယ်ပြီး ဘုရားကျောင်းထဲ ဝင်ဖို့ ကြိုးစားခဲ့တာပါ။ အီစတာ တနင်္ဂနွေနေ့က သီရိလင်္ကာမှာ ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၅၉ ဦး သေဆုံးခဲ့တယ်လို့ အခုအခါ သိရပါတယ်။