ကင်ဂျုံအွန်း ရုရှားကိုရောက်ရှိ

ကင်ဂျုံအွန်း ရုရှားကိုရောက်ရှိ

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဖို့အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ ရုရှားကိုရောက်ရှိလာပြီဖြစ်ပါတယ်။ သူတို့နှစ် ဦးဟာ အရင်က တခါမှ တွေ့ဆုံဖူးခြင်းမရှိပါဘူး။

သူတို့တွေ့ဆုံကြတဲ့ အခါမှာ ပြုံးယမ်းရဲ့နျူကလီးယား အစီအစဉ်တွေနဲ့ ပတ်သက်လို့ ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။

အစောပိုင်းတုန်းကတော့ နယ်စပ်မြို့ ခါဆန်မှာ ကင်ဂျုံအွန်း ရထားပေါ်က ထွက်လာတာကို တွေ့ခဲ့ရပါတယ်။ မနက်ဖန် သူတို့တွေ့ဆုံကြမယ့် ဗလာဒီဗော့စတော့ခ် မြို့မှာတော့ ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။ မရီရီအောင်က ပြောပြမှာပါ။