မြစ်ဆုံစီမံကိန်းကိစ္စ ဝန်ကြီးဟောင်း ဦးစိုးသိန်း အမြင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြစ်ဆုံစီမံကိန်းကိစ္စ ဝန်ကြီးဟောင်း ဦးစိုးသိန်း အမြင်

ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် မြစ်ဆုံ စီမံကိန်းကို လက်ရှိ အန်န်အယ်လ်ဒီအစိုးရလက်ထက်မှာ တစုံတရာ ပြန်လည်ဖော်ဆောင်နိုင်တယ်လို့ မှန်းဆပြောဆိုနေချိန်မှာပဲ စီမံကိန်းကို ဆန္ဒပြကန့်ကွက်တဲ့ ကမ်ပိန်းမျိုးစုံကို လုပ်လာနေကြပါတယ်။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ကာလအတွင်းမှာပဲ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပြီး အခုတော့ ဒါကို ပြန်ဖော်ဆောင်ဖို့ တရုတ်ဘက်က ပြောဆိုမှုတွေ ရှိနေတာပါ။

ဒီစီမံကိန်းကို ပြီးခဲ့တဲ့ အစိုးရတွေက ဘယ်လို သဘောတူလက်မှတ်ရေးထိုးခဲ့လဲ၊ လက်ရှိမှာရော ဘယ်လို ညှိနှိုင်းနေကြလဲ၊ စစ်အစိုးရလက်ထက်မှာ စက်မှုဝန်ကြီး၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးအဖြစ် အဆင့်မြင့်ရာထူးတာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းကို မစိုးစိုးထွန်းက မေးမြန်းထား ပါတယ်။