ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်

ဗင်နီဇွဲလား မှာ သမ္မတ နစ်ကိုးလပ်စ် မဒူရို ဟာ သူ့ကိုရာထူးကနေ ဖယ်ပေးဖို့ ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပေမယ့်ခုထက်ထိ အာဏာကို စွဲကိုင်ထားဆဲ ဖြစ်ပါတယ်။ သူဟာ ရုရှားက ဝင်မပါသေးခင် အထိတိုင်းပြည်ကနေ ထွက်သွားဖို့တောင် တော်တော်နီးစပ်နေခဲ့တာ ဖြစ်တယ်လို့ အမေရိကန် က ပြောပါတယ်။ လတ်တလော အခြေအနေတွေအရ အတိုက်အခံ ဟွမ်ဂွိုင်ဒိုဟာ စစ်တပ်ရဲ့ ထောက်ခံမှုကို အပြည့်အဝ မရရှိဘူးဆိုတာ တွေ့လာရပါတယ်။ ဒါပေမယ့်လည်း သူက ဆက်ပြီးတိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။ နောက်ပြီး သူသာ လျှင် ဗင်နီဇွဲလားရဲ့ တရားဝင် သမ္မတဖြစ်ပြီး စစ်တပ်အနေနဲ့လည်း မစ္စတာမဒူရို အပေါ် ထောက်ခံမှုတွေ နည်းလာနေပြီလို့ ဆိုပါတယ်။