တရုတ် ဟာပေးပြည်နယ် ရှီရှန်းခရိုင်မှာ ခေါက်ဆွဲစားပွဲတော် ကျင်းပနေတဲ့ပုံက နိုင်ငံတကာ ဆုရရှိ

နှစ်စဉ်ကျင်းပတဲ့ တရုတ်နတ်ဘုရားမ နုဝါ မွေးနေ့ပွဲ ခေါက်ဆွဲစားပွဲတော်ကို ဟာပေးပြည်နယ် ရှီရှန်းခရိုင်မှာ ကျင်းပနေတဲ့ပုံနဲ့ တရုတ်ဓာတ်ပုံဆရာ ကျန်းဟွေလျောင်ဆုရခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် JIANHUI LIAO

အဲဒီပုံက ချင်မင်းဆက်ခေတ်က အဝတ်အစားတွေဝတ်ပြီး ခေါက်ဆွဲအိုးတွေကနေ စားနေကြပုံ ဖြစ်ပါတယ်။ ဆုအတွက် ဓာတ်ပုံဆရာက ပေါင်ငွေ ၅၀၀၀ ရရှိမှာပါ။

အဲဒီ ဓာတ်ပုံ ပြိုင်ပွဲမှာ နိုင်ငံ ၇၇ နိုင်ငံက ဓာတ်ပုံပေါင်း ၉၀၀၀ ဝင်ပြိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲက သက်ဆိုင်ရာ အမျိုးအစားအလိုက် ဆုရဓာတ်ပုံတွေကို ဆက်ကြည့်နိုင်ပါတယ်။

အစားအသောက်အပြင်အဆင်ဆု - အိမ်လုပ် ဘီစကစ်မုန့်တွေကို ရိုက်ကူးခဲ့တဲ့ ယူကေကMartin Poole ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် KIM MORPHEW / MARTIN POOLE

သီးနှံရိတ်ချိန်ဆု - လယ်သမားတွေအတွက် ရွှေလိုတန်ဖိုးရှိတဲ့ စပါးတွေလို့ ညွှန်းတဲ့ ဓာတ်ပုံနဲ့ ဘင်္ဂလားဒေ့ရှ်က Kazi Mushfiq က ဆုရ

ဓာတ်ပုံ မူပိုင် KAZI MUSHFIQ

Marks & Spencer ကုမ္ပဏီက ချီးမြှင့်တဲ့ဆု - ပြင်သစ်အစားအစာ Tarte Tatin ပုံနဲ့ ယူကေက Nick Millward ကဆုရ

ဓာတ်ပုံ မူပိုင် NICK MILLWARD

အစားအသောက်တွေဖြစ်လာပုံဆု - သခင်သစ်က သူ့ကိုဘာလုပ်မလဲဆိုတာသိနေတာဖြစ်မယ်လို့ ဓာတ်ပုံဆရာက ရည်ညွှန်းတဲ့ သခင့်အလိုကိုမလိုက်နိုင်တဲ့ နွားတစ်ကောင်ရဲ့ ဓာတ်ပုံနဲ့ ယူကေက Martin Chamberlain က ဆုရ

ဓာတ်ပုံ မူပိုင် MARTIN CHAMBERLAIN

ထုတ်ဝေပြီးဓာတ်ပုံ ကဏ္ဍ - ပင်လယ်သရဲကြီးကို လွှတ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ တင်စားရည်ညွှန်းတဲ့ အနီရောင် ရေဘဝဲ တစ်ကောင်ရဲ့ ဓာတ်ပုံနဲ့ ဆုရတဲ့ အီတလီက Cosimo Barletta ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် COSIMO BARLETTA

ရောင်းကုန်များ ကဏ္ဍ - ရာမန်ဒန် ဥပုသ်ကာလမှာ တားမြစ်ထားတဲ့ အသီးအနှံတွေရောင်းနေတဲ့ အင်ဒိုနီးရှားနိုင်ငံက ဈေးသည်တစ်ယောက်ရဲ့ ပုံနဲ့ ဆုရသွားတဲ့ ယူကေက Elise Humphrey ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် ELISE HUMPHREY

အစားအသောက် ဘလော့ဂါဆု - ပါစတာ အခြောက်လှန်းထားပုံနဲ့ ဆုရခဲ့တဲ့ ယူကေက Aimee Twigger ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် AIMEE TWIGGER

ကျောင်းသား ကဏ္ဍ - လူသားတွေရဲ့ အစားအသောက်စားတဲ့ အလေ့အကျင့်နဲ့၊ ဇွန်းခွက်ပန်းကန်တွေ ခင်းကျင်းပုံ ဓာတ်ပုံစီးရီးထဲက ဓာတ်ပုံနဲ့ ဆုရခဲ့တဲ့ သြစတြေးလျက Chloe Dann ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် CHLOE DANN

တီထွင်ဖန်တီးမှု ဖူဂျီဖလင်ဆု - ကွဲသွားတဲ့ကြက်ဥဆိုတဲ့ပုံနဲ့ ဆုရခဲ့တဲ့ ယူကေက Michael Hedge ရဲ့ လက်ရာ

ဓာတ်ပုံ မူပိုင် MICHAEL HEDGE

မိသားစုအတွက် အစားအစာဆု - ခေတ်တွေပြောင်းလာပေမဲ့ ထုံးတမ်းစဉ်လာအတိုင်း မပြောင်းလဲဘဲ မြေအိုးလေးနဲ့ ဟင်းချက်နေတဲ့ အိန္ဒိယနိုင်ငံ သြဒိသ ပြည်နယ်က ဘွန်ဒါမျိုးနွယ် အမျိုးသမီးတွေပုံနဲ့ ဆုရခဲ့တဲ့ အိန္ဒိယက Sanghamitra Sarkar ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် SANGHAMITRA SARKAR

နိုင်ငံတကာ အစားအသောက်ဆု - ယူကေက Giles Christopher ရဲ့လက်ရာ

ဓာတ်ပုံ မူပိုင် GILES CHRISTOPHER

အသက် ၁၀ နှစ်နဲ့ ၁၀ နှစ်အောက်ဆု - လတ်လတ်ဆတ်ဆတ် သစ်သီးတွေရဲ့ချိုမြိန်မှုလို့ ဓာတ်ပုံဆရာက ရည်ညွှန်းတဲ့ သစ်သီးတွေခူးဆွတ်လာပုံနဲ့ ဆုရခဲ့တဲ့ ဘာရိန်းက Joshua George လက်ရာ

ဓာတ်ပုံ မူပိုင် JOSHUA GEORGE

ဆက်စပ် အကြောင်းအရာများ