ရုရှားလေယာဉ်မီးလောင်လို့ ၄၁ ဦးသေဆုံး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လေယာဉ်အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အကြောင်းအရင်းကို ရုရှားအာဏာပိုင်တွေ စုံစမ်းနေ

တနင်္ဂနွေနေ့တုန်းက မော်စကိုမြို့ ပင်မ လေဆိပ်ကြီးမှာ လေယာဉ်တစ်စီး ဘာကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရသလဲဆိုတာ သိနိုင်ဖို့ ရုရှားစုံစမ်းစစ်ဆေးရေးသမားတွေ ကြိုးစားဆောင်ရွက်နေကြပါတယ်။

ရုရှားလေကြောင်းလိုင်း အယ်ရိုဖလုတ် စူပါဂျက်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ်ကို အရှိန်နဲ့ ဆောင့်ဆင်းပြီးနောက်ပိုင်း လေယာဉ်မီးလောင်ကျွမ်းခဲ့တာပါ။

ဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ် ပါသွားတဲ့ လူ ၄၁ ယောက် သေဆုံးခဲ့ပါတယ်။

လေယာဉ်မှူးတွေဟာ Sheremetyevo လေဆိပ်ကနေ စတင်ထွက်ခွာပြီး မကြာမီမှာပဲ အရေးပေါ် ပြန်ဆင်းသက်ချင်တဲ့အကြောင်း စိုးရိမ်တကြီး ဖုန်းခေါ်ခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်သွင်က ပြောပြပေးမှာပါ။