ရိုက်တာအမှု - ဖခင်နဲ့ သမီးငယ် လွတ်လွတ်လပ်လပ် ဆုံစည်းခွင့်ရသောအခါ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရိုက်တာအမှု - ဖခင်နဲ့ သမီးငယ် လွတ်လွတ်လပ်လပ် ဆုံစည်းခွင့်ရသောအခါ

မေလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ အကျဉ်းသား ခြောက်ထောင့်ငါးရာကျော် လွတ်မြောက်လာကြတဲ့ထဲမှာ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့လည်း ပါလာပါတယ်။ ရခိုင်ပြည်နယ် အင်းဒင်ရွာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ကျုးလွန်ခဲ့တဲ့ လူသတ်မှု သတင်းကို ဖော်ထုတ်ရေးသားဖို့ ကြိုးစားရင်းသူတို့ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားရုံးက ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့တာပါ။ သတင်းထောက် ကိုဝလုံး ထောင်ထဲမှာ နေနေရဆဲမှာပါပဲ ကိုယ်ဝန်နဲ့ ကျန်ခဲ့တဲ့ သူ့ ဇနီးသည်က သူတို့ နှစ်ဦးရဲ့ ရင်သွေးလေးကို မွေးဖွားခဲ့ပါတယ်။ အခု ဖခင်နဲ့ သမီးငယ် အပြင်မှာ လွတ်လွတ်လပ်လပ် ပြန်ဆုံတွေ့ခွင့် ရတဲ့ အချိန်နဲ့ မိသားစုရဲ့ အပျော် ခံစားမှု တွေ အကြောင်းကို ကိုဝလုံးရဲ့ အမျိုးသမီး မပန်းအိမွန်ကို ဘီဘီစီကို အခုလို ပြောပြထားတာကို ရုပ်သံမှာ ရှုစားနိုင်ပါတယ်။