ကိုယ်ဝန်ဖျက်ချတာ ဥပဒေနဲ့ ညီသလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်လိုက်တဲ့ အမေရိကန်ရဲ့ အတင်းကြပ်ဆုံး ဥပဒေကြမ်း

အမေရိကန် ပြည်ထောင်စု အယ်လာဘားမားပြည်နယ်မှာ ရှိတဲ့ အထက်လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်တဝန်း ကိုယ်ဝန်ဖျက်ချတာ အားလုံးနီးပါးကို ပိတ်ပင်တားမြစ်တဲ့ ဥပေဒကြမ်းတခုကို အတည်ပြုလိုက်ပါပြီ။

ဒီအတိုင်းဆိုရင် အတင်းအဓမ္မ သားမယား ပြုကျင့်ခံရတာနဲ့ ဆွေမျိုးသားချင်းတွေရဲ့ စော်ကားမှုကြောင့် ရတဲ့ ကိုယ်ဝန်ကိုတောင် ဖျက်ချခွင့်ရမှာ မဟုတ်ပါဘူး။

အခုတော့ ဒီဥပဒေကို ပြည်နယ်အုပ်ချုပ်ရေးမှူးကပဲ အတည်ပြု လက်မှတ်ထိုး ပြဌာန်းဖို့ပဲ လိုပါတော့တယ်။

ဒါဟာ အမေရိကန် နိုင်ငံတဝန်း ကိုယ်ဝန်ဖျက်ချမှုကို တားမြစ်တဲ့ အတင်းကြပ်ဆုံး ဥပဒေလည်း ဖြစ်ပါတယ်။

ကိုမင်းထက်က ပြောပြပေးမှာပါ။