ငြိမ်းချမ်းရေး သဘောတူထားပေမယ့် ယီမင်မှာ တိုက်ပွဲတွေပြန်ဖြစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်မှာ ဆော်ဒီညွန့်ပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ၆ ဦး သေဆုံး

ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေက ဟူသီသူပုန်တွေ ထိန်းချုပ်ထားတဲ့ ဆန်နားမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ဆန်းနားမြို့နဲ့ အဲဒီအနားတဝိုက် စစ်စခန်း ကိုးခုလောက်ကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါဟာ ဟူသီသူပုန်တွေရဲ့ ကျူးကျော်ရန်စမှုတွေကို ဟန့်တားတဲ့ သဘောသာ ဖြစ်တယ်လို့ ညွန့်ပေါင်းတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မသီဒါနွယ်က ပြန်ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ