ဟွာဝေးမိုဘိုင်းဖုန်းတွေကို ဂူဂဲလ် ကန့်သတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဟွာဝေးဖုန်းတွေ ဂူဂဲလ်ရဲ့ တချို့ဝန်ဆောင်မှုတွေ ရတော့မှာမဟုတ်

ဂူဂဲလ်ကုမ္ပဏီဟာ တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေးကို သူတို့ရဲ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှု တချို့ကနေ ဖြတ်တောက်လိုက်ပါတယ်။

အမေရိကန်ရဲ့ ဆက်သွယ်ရေး ကွန်ရက်တွေကို သူလျှိုလုပ်နိုင်တယ်ဆိုပြီး အမေရိကန်အိမ်ဖြူတော်ဘက်က ဟွာဝေးကုမ္ပဏီကို အမည်မဲစာရင်း ထည့်သွင်းပြီးနောက်ပိုင်း ဂူဂဲလ်ဘက်က အခုလို လုပ်ဆောင်လိုက်တာပါ။

ဟွာဝေးကုမ္ပဏီဘက်ကတော့ လုံခြုံရေး ခြိမ်းခြောက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကိုကျော်ဇေယျက ပြောပြပေးမှာပါ။