အမေရိကန်နဲ့ အီရန်ကြား တင်းမာနေတဲ့ ဆက်ဆံရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ကို လာစရင် အီရန် ပျက်သုဉ်းသွားမယ် - ဒေါ်နယ်ထရမ့်

အီရန်ဘက်က အမေရိကန်နဲ့ စစ်ဖြစ်ချင်တယ်ဆိုရင် ဒါဟာ အီရန်နိုင်ငံရဲ့ နောက်ဆုံး နိဂုံးချုပ်ချိန် ဖြစ်လိမ့်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြင်းပြင်းထန်ထန် သတိပေး ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်ကို နောက်တခေါက် ထပ်မခြိမ်းခြောက်နဲ့လို့လည်း သူက အီရန်အစိုးရကို ပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ အရှိန်မြင့် ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ပါရှန်ပင်လယ်ကွေ့ဒေသမှာ အမေရိကန်ဘက်က နောက်ထပ် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေကို တပ်ဖြန့်ချထားပါတယ်။

ကိုမင်းထက်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ