ဆံပင်ကြည့်ပြီး အပျို အအို ခွဲနိုင်တဲ့ မြန်မာပြည်က ထူးခြားတဲ့ ရွာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဆံပင်ကြည့်ပြီး အပျို အအို ခွဲနိုင်တဲ့ မြန်မာပြည်က ထူးခြားတဲ့ ရွာ

မြန်မာနိုင်ငံမှာ ရှေးကတည်းက ရှိခဲ့တဲ့ ဆံရစ်ဝိုင်း၊ သျှောင်ပေစူး ထားတဲ့ဓလေ့က ဒီနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် သိပ်မတွေ့ရတော့ပေမယ့် မြန်မာပြည်အလယ်ပိုင်း ရွာလေး တစ်ရွာမှာတော့ တစ်ရွာလုံးက ဒီဓလေ့ကို ထိန်းသိမ်းထားကြပါတယ်။

ဒီရွာမှာ အသက်အရွယ်လိုက်ပြီး ဆံပင်ပုံစံ အဆင့်ဆင့် ပြောင်းတဲ့ ဓလေ့လည်း ရှိသလို မိန်းကလေးတွေဆိုရင် ဆံပင်ပုံစံကြည့်ပြီး အပျိုအအို အိမ်ထောင်ရှိမရှိ ခွဲလို့ရပါတယ်။

ဒီထူးခြားတဲ့ ဓလေ့အကြောင်းကို ဘီဘီစီသတင်းထောက် ကိုဖြိုးဟိန်းကျော်က မကွေးတိုင်းအတွင်းက အဲဒီရွာလေးထိ သွားရောက် ရိုက်ကူး တင်ဆက်ထားပါတယ်။

ရေပုတ်ကြီးရွာရဲ့ ဆံပင်ပုံစံဓလေ့အကြောင်း ဆောင်းပါး ဖတ်ရန် - ဆံရစ်ဝိုင်းနဲ့ သျှောင်ပေစူးတို့ရွာ

ဆက်စပ် အကြောင်းအရာများ