ဂျပန်ဧကရာဇ်သစ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျပန်ဧကရာဇ်သစ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်

ဂျပန်နိုင်ငံကို နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ ဂေါက်သီး ရိုက်ခဲ့သလို မကြာသေးခင်တုန်းကမှ နန်းတက်ခဲ့တဲ့ ဂျပန်ဧကရာဇ်သစ်နဲ့ ပထမဆုံး တွေ့ဆုံခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင် တဦးဖြစ်ပါတယ်။

ဧပြီလ ၂၇ ရက်နေ့မှာလည်း သမ္မတ ထရမ့်ကို ခမ်းနား ထည်ဝါတဲ့ ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။

သမ္မတ ထရမ့်ရဲ့ ဂျပန် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်စေဖို့ ရည်ရွယ်တာ ဖြစ်ပေမယ့် ကုန်သွယ်ရေး သဘောတူညီမှုတွေနဲ့ ပတ်သက်လို့တော့ မေးခွန်းတွေ ရှိနေပါသေးတယ်။

ကိုသိမ်းမြတ်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ