ရန်ကုန်က အမုန်းတရား ပပျောက်ရေး နှင်းဆီဖြူ လှုပ်ရှားမှု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရန်ကုန်က အမုန်းတရား ပပျောက်ရေး နှင်းဆီဖြူ လှုပ်ရှားမှု

မြန်မာနိုင်ငံမှာ ရှိတဲ့ အဓိက ကိုးကွယ်ယုံကြည်မှု ဘာသာတရားတွေရဲ့ အထင်ကရ သာသနိက အဆောက်အအုံတွေ တည်ရှိတဲ့ နေရာ တစ်ခု ဖြစ်တဲ့ ရန်ကုန်မြို့လယ် ဆူးလေစေတီတော် အနီးက မဟာဗန္ဓုလပန်းခြံ ရှေ့မှာ မေလ ၂၇ ရက်နေ့ ညနေပိုင်းက ဘာသာပေါင်းစုံ ချစ်ကြည်ရေး စတုဒိသာ အလှူနဲ့ မွတ်စလင် ဥပုသ်လ စုပေါင်း ဝါဖြေပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီမှာ ငြိမ်းချမ်းရေး ကို လိုလားကြသူတွေကလည်း တက်ရောက်ကြသူ ဘာသာ လူမျိုးမရွေးကို နှင်းဆီဖြူ တွေ ဝေငှ ခဲ့ကြပါတယ်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့ ဖွင့်ထားခဲ့တဲ့ မွတ်စလင် ဝါတွင်းကာလ ယာယီ ဝတ်ပြုဆောင် ၃ ခုကို ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က မျိုးချစ်ဆိုပြီ ကိုယ့်ဘာသာ ခံယူထားသူ လူတစ်စုက လာရောက် ကန့်ကွက် ခဲ့ပြီးနောက်ပိုင်းမှာ ဒီလို နှင်းဆီဖြူ လက်ဆောင် ပေးဝေတဲ့ လှုပ်ရှားမှုက စတင်လာခဲ့ပြီး ရန်ကုန်မှာတင်မကဘဲ နယ်မြို့တွေအထိပါ ကျယ်ပြန့်လာခဲ့ပါတယ်။

ဒီလှုပ်ရှားမှု အကြောင်းနဲ့ ပါဝင်သူတွေရဲ့ ခံယူချက် အမြင်တွေကို ရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။