နှစ်သုံးဆယ်ပြည့် တရုတ် ကျောင်းသားဆန္ဒပြပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တီယန်နန်မင် ကျောင်းသားဆန္ဒပြပွဲနဲ့ လက်ရှိ တရုတ် နိုင်ငံရေး အခင်းအကျင်း

လွန်ခဲ့တဲ့အနှစ် ၃၀ လောက်တုန်းက တရုတ်နိုင်ငံ ဘေဂျင်းမြို့ တီယန်နန်မင် ရင်ပြင်မှာ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေက တရုတ် ကွန်မြူနစ် ခေါင်းဆောင်တွေကို ဆန့်ကျင်ပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

သတင်းပတ်ချီကြာတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေကြား ညှိနှိုင်းမှုတွေကလည်း အဆင်မပြေဘဲ လိပ်ခဲတည်းလည်း အခြေအနေမှာပဲ ရှိနေခဲ့တာကြောင့် အစိုးရက စစ်ကားတွေနဲ့ တင့်ကားတွေ စေလွှတ်ပြီး ဆန္ဒပြ ကျောင်းသားတွေကို ဖြိုခွင်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ကျောင်းသား ရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့် အစိုးရကတော့ ဒါကို ငြင်းပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀ က သွေးမြေကျခဲ့ရပြီး အဆုံးသတ်ခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေကို သွားရောက် သတင်းယူခဲ့တဲ့ ဘီဘီစီ အယ်ဒီတာ John Simpson က အဲဒီတုန်းက အဖြစ်အပျက်တွေကြောင့် လက်ရှိမှာ ဘယ်တွေ သက်ရောက်မှုတွေ ရှိခဲ့လဲဆိုတာကို သတင်းပေးပို့ထားပါတယ်။

ကိုထွေးက ပြန်ပြောပြပေးထားပါတယ်။

ဆက်စပ် အကြောင်းအရာများ