အင်္ဂလိပ်အသင်းနှစ်သင်း ဖလားလုကြမယ့် ယူရိုပါလိဂ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်္ဂလိပ်အသင်းနှစ်သင်း ဖလားလုကြမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲ

ပရီးမီးယားလိဂ် ကလပ်အသင်းနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ လန်ဒန်မြို့နဲ့ မိုင်နှစ်ထောင်ကျော်အကွာ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့မှာ မေလ ၂၉ ညမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ကန်ကြမှာပါ။

အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရမှာပါ။

ချဲလ်ဆီးအသင်းကလည်း ဒီပွဲ အနိုင်အရှုံးရလဒ်ဟာ ချိန်ခွင်လျှာပေါ်ရောက်နေတဲ့ နည်းပြ မာရီဇီယို ဆာရီ ရာထူးအတွက် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အင်္ဂလိပ်အသင်းနှစ်သင်း အကြိတ်အနယ် ဖလားလုကြမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲအကြောင်းကိုတော့ ကိုအောင်သွင်က ပြောပြပေးမှာပါ။

ဆက်စပ် အကြောင်းအရာများ