သမ္မတထရမ့်ကို ရာဇဝတ်ကြောင်းအရ တရားစွဲလို့မရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တာဝန်ထမ်းဆောင်နေတဲ့ သမ္မတတဦးကို အမေရိကန် တရားရေးအရ စွဲချက်တင်လို့ မရ

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက်စွက်ဖက်မှုအကြောင်း စုံစမ်းခဲ့တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက သူ့အစီရင်ခံစာထဲမှာ သမ္မတ ထရမ့်ကို အပြစ်မရှိတဲ့အကြောင်း ပြောမထားပေမယ့် တာဝန်ထမ်းဆောင်နေတဲ့ သမ္မတ တဦးကို စွဲချက်တင်နိုင်ဖို့ အမေရိကန် တရားရေးဌာနက ကာကွယ်တားဆီးထားတယ်လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဟီလာရီ ကလင်တန်အပါအဝင် ဒီမိုကရက်ခေါင်းဆောင်တွေက ဝေဖန်ပြောဆိုနေပေမယ့် သမ္မတ ထရမ့်ကတော့ ဒီအမှု ပိတ်သိမ်းပြီးပြီလို့ ပြောပါတယ်။

ကိုထွေးက ပြောပြပေးမှာပါ။